ဓနုဖြူမြို့နယ်တွင် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဓနုဖြူ  နိုဝင်ဘာ ၁၁

       

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၁၀ ရက် နံနက် (၉)နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

        

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဓနုဖြူမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ထိုးနှံပေး လျက်ရှိ​ရာ ယမန်နေ့က ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၁၃၀၃)ဦး ရှိကြောင်းနှင့်  အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)