ဓနုဖြူမြို့တွင် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများတပ်ဆင်

ဓနုဖြူ  ၂၉ မေ 


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ကြစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယမန်နေ့ နံနက်ပိုင်းက လမ်းဘေးမီးတိုင်များတွင်အမှိုက်ခြင်း များ လိုက်လံတပ်ဆင်ပေးခဲ့ကြသည်။

 

1


မြို့တွင်းဝင်ရောက်သည့် ဓနုဖြူလမ်းဆုံ အကျော် တာလမ်းတစ်လျှောက်နှင့် လမ်းမတော် လမ်းတစ်လျှောက် အမှိုက်များကို သေချာစွာ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်ခြင်းများအား လမ်းဘေးမီးတိုင်များတွင် တပ်ဆင်ပေးခဲ့သည်။


အဆိုပါအမှိုက်ခြင်းများအတွင်းသို့ စီးပွားရေးလုပ်ငန်းထွက်အမှိုက်များ၊ မီးဖိုချောင်သုံးအမှိုက်များ၊ ဆေးရုံဆေးခန်းသုံးအမှိုက်များ၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်များ၊ စက်ရုံအလုပ်ရုံထွက်အမှိုက်များနှင့် ခြံထွက်အမှိုက်များအားလာရောက်မစွန့်ပစ်ကြရန် စည်ပင်မှ နှိုးဆော်ထားပေးပြီး လမ်းသွားလမ်းလာများ အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်ကြစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)

 

1