ဓနုဖြူတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်များပြုလုပ်ထားခြင်းရှိ/မရှိနှင့် ဆေးဝါးအတုများရောင်းချခြင်းရှိ/မရှိစစ်ဆေး

ဓနုဖြူ  ၁၆ မေ

ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင်များအား မေ ၁၅ ရက် နံနက် ၁၀ နာရီက မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်များပြုလုပ်ထားခြင်းရှိ/မရှိနှင့် ဆေးဝါးအတုများရောင်းချခြင်းရှိ/မရှိ မအူပင်ခရိုင် FDA၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းနှင့် တာဝန်ရှိသူများမှ ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်းသိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ) 

 

3610