ဒီဇင်ဘာ ၁၂ ရက်မှာ ကျင့်ပမယ့် ဗြိတိန်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၅၀ ကျော် ပါဝင်ယှဉ်ပြိုင်မှာမဟုတ်

၁ နိုဝင်ဘာ 

ဗြိတိန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမယ်ဖြစ်ရာ လက်ရှိလွှတ်တော်အမတ်တွေထဲက ၅၇ဦး ဟာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။ အမတ် ၅၇ဦးမှာ အမျိုးသမီးလွှတ်တော်အမတ် ၁၈ ဦးပါဝင်ပြီး အမျိုးသားလွှတ်တော်အမတ် ၃၉ ဦး ဖြစ်ပါတယ်။ 

 

ေ

 

ယဉ်ကျေးမှုဝန်ကြီး နီကီ မော်ဂန်က သူမဆီကို ဖုန်းနဲ့ ခြိမ်းခြောက်မှုအပါအဝင် တခြားနည်းလမ်းအသုံးပြုပြီး ခြိမ်းခြောက်ခံရကြောင်း၊ အဲဒီလိုခြိမ်းခြောက်မှုဟာ မိသားစုပါ အကျိုးသက်ရောက်ကြောင်း ပြောပါတယ်။ နီကီမော်ဂန်ကို ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် ရောဘတ်ကို သီတင်းပတ် ၁၈ ပတ် ထောင်ဒဏ် အပြစ်ပေးခဲ့ပါတယ်။  

အလားတူ လစ်ဘရယ်ဒီမိုကရက် အမျိုးသမီးလွှတ်တော်အမတ် ဟေဒီ အယ်လင် လည်း  ခြိမ်းခြောက်ခံခဲ့ရတဲ့ အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဟေဒီအယ်လင်ကို အီးမေးအကောင့်အတုနဲ့ ခြိမ်းခြောက်စာပို့ခဲ့အတဲ့ အသက် ၅၁ နှစ်အရွယ် ဂျာရော့ ကစ်မန်းကို ထောင်ဒဏ် သီတင်းပတ် ၄၂ ပတ် ပြစ်ဒဏ်ပေးခံခဲ့ပါတယ်။ 

အောက်လွှတ်တော်ရဲ့ ပြောခွင့်ရသူကတော့ လွှတ်တော်အမတ်တွေရဲ့ လုံခြုံရေးအတွက် ဒေသတွင်း ရဲတပ်ဖွဲ့နဲ့ အနီးကပ်လုပ်ဆောင်နေကြောင်း၊ အမတ်တွေရဲ့ လုံခြုံရေးအတွက် စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။ 

MDN