ဒီဇင်ဘာ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

အဆိုပါလမ်းလျှောက်ပွဲကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၅၀၀)ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး စုရပ်ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ စတင်ကာ မြို့ပတ်လမ်းအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက် ကြသည်။ ဆက်လက်၍ မြို့နယ်အားကစားကွင်း၌ ကာယလေ့ကျင့်ခန်းနှင့် Myanmae Fitness Dance အကကို ပျော်ရွှင်စွာ စုပေါင်းပြုလုပ်ကြကာ မြို့ပေါ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကောက်ညှင်းပေါင်းနှင့် အကြော်များ ကျွေးမွေးခဲ့ပြီး၊ ဒီဇင်ဘာနောက်ဆုံးပတ်၌ အားကစားပြိုင်ပွဲနှင့်ကံစမ်းမဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထက်ထက်(ဟိုပုံး)