ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်၌ ကယားပြည်နယ် အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်ကူး ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

ဒီးမော့ဆို ၁၇ ဧပြီ

 

ကယားပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်ကူးဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ငွေတောင်ဆည်အတွင်း ဇီဝိတဒါနငါးများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကယားပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်ကူး ဇီဝိတဒါန ငါးလွှတ်ပွဲတွင် ရွှေဝါငါးကြင်း ၄၅၀ဝ၀ ကောင်၊ မြက်စားငါးကြင်း ၁၅၀ဝ၀ ကောင်၊ ငါးမြစ်ချင်း ၁၅၀ဝ၀ ကောင်၊ ငါးခုံးမကြီး ၄၅၀ဝ၀ ကောင် စုစုပေါင်း ၁၂၀ဝ၀ဝ ကောင် လွှတ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံရိုးရာယဉ်ကျေးမှု အဖွဲ့ (၂) ဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေ ငါးသောင်းကျပ်စီ ချီးမြှင့်သွားကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)