ဒါကာမြို့တော် ပျံကျရပ်ကွက်တွင် မီးလောင်ကြွမ်းမှုဖြစ်ပွား ၊ အိမ်ပေါင်း ၁၂၀ဝ ပျက်စီးဆုံးရှုံး

၁၉ သြဂုတ်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ ဆင်းရဲသားရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွားရာ လူထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သည်။ 


အဆိုပါ မီးလောင်မှုသည် ဒါကာမြို့တော် အနောက်ပိုင်းတွင် သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

တဲအိမ်သာသာ အိမ်ပေါင်း ၁၂၀ဝ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးတောက်များသည်   အလျင်အမြန်ကူးစက်မှုဖြစ်ပွားခဲ့သည်။ အိမ်အတော်များများမှာ  ပလတ်စတစ်နှင့် အခြားစွန့်ပစ်ပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ 

 

အဆိုပါ ရပ်ကွက်တွင် အစ္စလမ်ဘာသာဝင်အများစု နေထိုင်ပြီး အားလပ်ရက်အတွင်း ပွဲလမ်းသဘင်ကျင်းပရန် အဝေးသို့ရောက်ရှိခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြသည်။ 


၄င်း၏ နေအိမ်များမှာ မီးလောင်မှုကြောင့် ပြာပုံကျခဲ့ရကြောင်း မည်သည့်အကူအညီမျှမရကြောင်း အိမ်ဆုံးရှုုံးခဲ့ရသည့် အမျိုးသမီးတစ်ဦးမှာ ဆိုသည်။ 


မီးဘေးဒုက္ခသည်များမှာ အနီးအနားရှိ စာသင်ကျောင်းများအတွင်း ခိုလှုံလျက်ရှိသည်။ ၄င်းတို့၏ ဘဝများ ပြန်လည်တည်ဆောက်ရန်အတွက် အစားအစာနှင့်ငွေကြေးများ ထောက်ပံ့ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။ 

 

ဖေဖော်ဝါရီလအတွင်းကလည်း သမိုင်းဝင် ဒါကာခရိုင်တွင် မီးလောင်မှုအတွင်း လူပေါင်း ၇၀ သေဆုံးခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်