ဒက္ခိဏသီရိမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဇန်နဝါရီ ၂၄

 

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော် နှင့်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးတို့အတွက် AMI မီတာများ လဲလှယ်တပ်ဆင်ခြင်း၊ 33 kV၊ 11 kV၊ 0.4 kV ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ 11 ၊ 0.4kV ထရန်စဖော်မာများ အားဝန်အားမျှခြင်း လုပ်ငန်းများအား ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိသည်။

 

ဒက္ခိဏသီရိမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိရေးအတွက် အဆိုပါကွင်းဆင်းလုပ်ငန်း ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)