ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်ပူဇော်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဌာပနာတွင် ထည့်သွင်းပူဇော်ရန် ရတနာပစ္စည်းလာရောက်လှူဒါန်း

တပ်ကုန်း ဖော်ဖော်ဝါရီ ၇

 

ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်ပူဇော်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟို၏ဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်ရန်အတွက် စေတနာရှင်တစ်ဦးက ရတနာပစ္စည်းလာရောက် လှူဒါန်းခြင်းကို တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင်  ယမန်နေ့မွန်းလွဲပိုင်း၏က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာကုသိုလ်ပြုနိုင်ရန် တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်၊     နယ်မြေ (၅)နေ ( ဦးစောထွန်း )+ ဒေါ်သန်းသန်းထွေး “မိဘဂုဏ်ရည်” မိသားစုမှ ပုလဲနားကပ်တစ်ရံအား လာရောက်လှူဒါန်းရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးနိုင်လင်း၊   ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးတို့က လက်ခံ၍ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်ပူဇော်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အလှူခံဌာနသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)