ဒလ ဇူလိုင် ၇

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒလမြို့နယ် သပြေကုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။

 

ဆွေးနွေးပြောကြား

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၊ ဦးသန်းဦးတို့က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်မိုးက “စပါးအထွက်နှုန်း တိုးတက်ဖို့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးအောင်သန်းက လယ်ယာမြေ ဥပဒေအကြောင်းအရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တွံတေးခရိုင် တာဝန်ခံ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်ဇော်က ဆည်မြောင်း ကဏ္ဍအကြောင်းအရာများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်လေးထွန်းက ကျေးလက်လမ်း၊ တံတားများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံချောချောခင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)