ဒလနှင့် တန့်ယန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင်  ၃ 

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁ ရက် ည ၉ နာရီ ၃၅ မိနစ်တွင် ဒလမြို့နယ်၊ အမှတ်(၁၁/၁၄)ရပ်ကွက်ရှိ မသဇင်သိန်း၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ မသဇင်သိန်းကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ဆက်လက်၍ ည ၉ နာရီ  မိနစ် ၅၀ တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်နေ ကုလားလေး(ခ)ရှက်မင်း(ခ)ကျော်ကိုဦး၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း။

 

ဇူလိုင် ၂ ရက် ညနေ ၅ နာရီခွဲတွင် တန့်ယန်းမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ မနိုင်းကီး ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၁၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)