ဒါရိုက်တာနှင့် သရုပ်ဆောင်သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကျင်းပ

ရန်ကုန် ၂၄   ဇွန် 

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဖွင့်လှစ်သင်ကြားသော ဒါရိုက်တာနှင့်သရုပ်ဆောင်သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး MMPO Cinema ၌ ကျင်းပခဲ့သည်။ 

 

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကတစ်ဦးဖြစ်သော ဒါရိုက်တာ ဦးနှင်းမိုးက မုဒိတာစကားပြောကြားပေးခဲ့ပြီး အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အမှာစကားပြောကြားခဲ့ သည်။ ထို့နောက် ဟံသာမြေ ဦးဇော်မင်းက သင်တန်းနှင့်ပတ်သက်သော စည်းကမ်းချက်များကို ပြောကြားခဲ့သည်။ 

 

ယနေ့ဖွင့်လှစ်သော ဒါရိုက်တာနှင့် သရုပ်ဆောင်သင်တန်း (၁/၂၀၁၉)တွင် ဒါရိုက်တာသင်တန်းသား ၁၀ ဦး၊ သရုပ်ဆောင်သင်တန်းသား (ကျား)၁၃ ဦး၊ (မ) ၁၇ ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ- ထိန်လင်း