ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ − နိုင်ငံအဆင့် (10th ASEAN Quiz – National Level) ပြိုင်ပွဲကို MRTV-HD Channel တွင် ပြသမည်

နေပြည်တော် ဇွန် ၁

 

ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ 10th ASEAN Quiz ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ်(၃)ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အဆိုပါ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် (၃)ဦး ရွေးချယ်နိုင်ရန်အတွက် အာဆီယံ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ - နိုင်ငံအဆင့် 10th ASEAN Quiz National Level ကို ဇွန် (၁)ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရွေးချယ်ထားသော ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ထိုသို့ ယှဉ်ပြိုင်မှုများကို MRTV HD Channel မှ ဇွန်(၆၊၇၊၈)ရက်များတွင် ညနေ (၆)နာရီ သတင်းအပြီး၌ မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)