ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော်  ၃၀  ဇူလိုင်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ မိမိတို့ နိုင်ငံရင်ဆိုင်နေရသည့် အခြေအနေများကို နိုင်ငံတကာမှ ပိုမိုနားလည် သဘောပေါက်ကာ မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်းလာစေရေးအတွက်လည်းကောင်း၊ နိုင်ငံတကာမှ ဖိအားများ လျော့ကျသွားစေရန် အတွက်လည်းကောင်း နိုင်ငံနှင့် နိုင်ငံသားများ၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိမိတို့အနေဖြင့် အဓိကအားဖြင့် နိုင်ငံတကာဖိအား ရင်ဆိုင်နေရခြင်းသည် ရခိုင်ပြည်နယ်တွင်ဖြစ်ခဲ့သည့် ပဋိပက္ခများနှင့် အဓိကဆက်နွှယ်နေပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ ရရှိစေရန်၊ လူ့အခွင့်အရေးစံနှုန်းများ မြင့်မားလာစေရန်နှင့် နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်တို့ကို ကြိုးပမ်း ဆောင်ရွက်နေရာတွင် သံတမန်များ၏ အင်အားတစ်ခုတည်းအပေါ်တွင် အားထား၍ မရဘဲ လွှတ်တော်ကိုယ်စားလှယ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ အားဖြင့် ညီညီညွတ်ညွတ်ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း။

 

အမှန်တကယ်အားဖြင့် ယနေ့ဖိအားပေးနေကြသည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို မသိရှိ၍ မဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက် တစ်ရပ်အနေဖြင့် ဖိအားပေးနေခြင်းမျိုးရှိသည်ကိုလည်း သတိချပ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လူ့အခွင့်အရေး ကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအခြေအနေနှင့်အညီ မှန်ကန်စွာ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းအခြေအနေတိုးတက်မှု ရရှိအောင် လုပ်ဆောင်ခြင်းဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စွပ်စွဲခံရမှု အများစုသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင်သာဖြစ်ပါကြောင်း၊ ယင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားပါက ယင်းစွပ်စွဲ ချက်များလည်း လျော့ပါးကွယ်ပျောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းလက်နက်ကိုင် ပဋိက္ခများ ချုပ်ငြိမ်းသွားစေမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ညီညွတ်စွာ ပူးပေါင်းဆောင် ရွက်သွားရေးသည် များစွာအရေးကြီး ပါကြောင်း။

 

အစိုးရအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတော်၏အကျိုးနှင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကို မထိခိုက်စေရန် အလေးထား၍ လက်တွေ့ကျကျ ဖြင့် တရားမျှတစွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးပြုလုပ်လိုသူများ ထောင်ချောက်ဆင် ထားသည့်အကွက်အတွင်း မဝင်ရောက်နိုင်ရန် အပြောအဆို အပြုအမူများ အထူး သတိပြုဆင်ခြင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်သူများ အားလုံးအနေဖြင့် ယင်းအန္တရာယ်ကို သိရှိရှောင် ရှားနိုင်ရန်လည်း အရေးကြီးပါ ကြောင်းနှင့် သံတမန်များ ရှေ့တန်းမျက်နှာစာတွင် ချဉ်းကပ်စည်းရုံးမှုကို အထောက်အကူ ပြုစေမည့် အပြုသဘော ပြောဆိုဆောင်ရွက်မှုနှင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးရဲမြင့်စိုး မြန်မာနိုင်ငံ၌ စိုက် ပျိုးဖြစ်ထွန်းလွယ်ပြီး နိုင်ငံတကာ၌လည်း ဈေးကွက်ရှိသော ချဉ်ပေါင်လျှော်ပင် (Kenaf) ကဲ့သို့ ဈေးကွက်ဝင်အပင်များအား တောင်သူများ စိုက်ပျိုးလာနိုင်စေရန် နိုင်ငံတော်အစိုးရမှ တွန်းအားပေးကူညီပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် လက်ရှိတွင် ချဉ်ပေါင်လျှော်စိုက်ပျိုးမှုကို ထိန်းကျောင်းသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ တွင်ရှိသည့် ဌာနပိုင်ခြံများတွင် ပြည်ပမှရရှိသည့် မျိုးများကို မျိုးကောင်းမျိုးသန့်ပွား၍ မျိုးစေ့ဖြန့်ဖြူးခြင်းနှင့် နည်းပညာဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပတင်ပို့ရန် ဈေးကွက်အလားအလာရှိသည့် ကုန်ပစ္စည်းအမျိုးအမယ်အသစ်များကို သက်ဆိုင်ရာဌာန များနှင့်ပေါင်းစပ်ဖော်ထုတ် ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများသို့ တာဝန်ပေး စေလွှတ်ထားသည့် စီးပွားရေးသံမှူးများမှတဆင့် ဈေးကွက်ချိတ်ဆက်ရှာဖွေပြီး သီးနှံ များ၏ Supply Chain တစ်လျှောက် လုပ်ငန်းစဉ်များတွင် ဆက်စပ်ဌာနများနှင့်ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ချဉ်ပေါင်လျှော် စိုက်ပျိုးခြင်း အားပေးမှုအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုသည့် ကုန်ပစ္စည်းစာရင်းမှ ပယ်ဖျက်ခွင့်ပြု ပေးထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ယခင် စိုက်ပျိုးအောင်မြင်ပြီး ဖြစ်သည့် ချဉ်ပေါင်လျှော်များကို တောင်သူများစီးပွားဖြစ် ပြန်လည်စိုက်ပျိုးနိုင်ရန် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နည်းပညာများပိုမိုဖွံ့ဖြိုးလာစေရန် အလေးထား ဆောင်ရွက် ပေးခြင်းနှင့်အတူ ပြည်ပဈေးကွက်ကျယ်ပြန့်စွာ ရရှိရန် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် အားပေးချိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကိုကိုနိုင် နိုင်ငံတော် အတွင်း မဟာဓာတ်အားလိုင်း သွယ်တန်းရောက်ရှိပြီးဖြစ်သည့် ကျေးရွာများတွင် ကျေးရွာအတွင်း 0.4(400) ဗို့အားလိုင်းများ သွယ်တန်းတပ်ဆင်ပြီးစီးပါက မီတာ ဘောက်စ်များ အမြန်ဆုံး ရရှိတပ်ဆင်အသုံးပြုနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်း နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးခင်မောင်ဝင်း က ဝယ်ယူထားသည့် အိမ်သုံးမီတာများ အသုတ်လိုက်ရောက်ရှိ လာပြီဖြစ်သဖြင့် မီတာစမ်းသပ်ရေးဌာနတွင် စစ်ဆေးပြီးသည်နှင့်တစ်ပြိုင်နက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဆက်လက်ခွဲဝေ ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အိမ်သုံးမီတာများကိုလည်း ထပ်မံဝယ်ယူရေးအတွက် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးထွန်းထွန်းဦး လျှပ်စစ် ဓာတ်အားခများ ကောက်ခံရန်အတွက် မီတာဖတ်ခြင်း၊ တွက်ချက်ခြင်း၊ တောင်းခံခြင်း စနစ်များသည် လူ၏ လုပ်အားကိုသာ အသုံးပြုကောက်ခံနေရ၍ ပြဿနာများ မကြာခဏ ဖြစ်ပေါ်နေပါသဖြင့် ခေတ်မီအဝေးထိန်းမှတ်တမ်းတင် စနစ် (AMI စနစ်) ကိုကျယ် ပြန့်စွာ အသုံးပြု၍ ကောက်ခံသွားရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန် ကြီး ဦးခင်မောင်ဝင်း က Smart Meter များကို အသုံး ပြုပြီး AMI စနစ်သို့ တစ်ဆင့်ချင်း တိုးတက်ပြောင်းလဲတပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားပါကြောင်းနှင့် ယင်း Smart AMI Meter ကို နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပြီးသည့် အချိန်တွင် တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်() မှ ဦးဘွဲခိန်း  ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့နယ်ခန်းမဆောင်သည် ယိုယွင်းပျက်စီးနေပါ သဖြင့် (၁၀၈×၇၂) ပေ RC ()ထပ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ခန်းမတည်ဆောက်ရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားရေး ဆွဲတင်ပြရာတွင် ပါဝင်သွားခြင်း မရှိပါကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ဒေသခံပြည်သူလူထု တို့က အဆိုပြုလွှာပုံစံဖြင့် ဖြည့်သွင်းတောင်းခံတင်ပြလာပါက ပြည်နယ်ရန်ပုံငွေ သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ သင့်လျော်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် () ဦးလှမြင့်သန်း စစ်တောင်းမြစ်၏ အနောက်ဘက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် နှင့် က၀မြို့နယ်တို့ရှိ ကျေးရွာများ၊ လယ်မြေများ ကမ်းပြိုပြီး စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်း မွန်ပြည်နယ်၊ သထုံခရိုင်နှင့် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ သောင်မြေဧက သောင်းချီ၍ ပေါ်ထွန်းခဲ့ရာမှ ယခုကမ်းရင့်မြေများ ဖြစ်နေသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပတ်သက်၍ တောင်သူလယ်သမားများအား လုပ်ပိုင်ခွင့်ရရှိရေး သက်ဆိုင်ရာမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးသက်နိုင်စိုး၏ တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ ကသည်းမကျွန်းတွင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် ငါးအမှုန့်ကြိတ်စက်ရုံမှ ထွက်ရှိလာသော အနံ့ဆိုးများကြောင့် ပြည်သူများ ကျန်းမာရေးဆိုးကျိုး တိုက်ရိုက်ခံစားနေရပါသဖြင့် ၎င်းစက်ရုံ ကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ မာန်အောင်မြို့အတွင်း ဆိပ်ကမ်းတစ်လျှောက် နေထိုင်ကြသော ဒေါ်နုနုခင်နှင့် ဦးဘသန်းတို့ မိဘများပိုင် အိမ်အပါအဝင် တခြားအိမ်များအား မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၁၉၉၃ ခုနှစ်တွင် မြို့ဆိပ်ကမ်း သာယာရေးအတွက် ဆောင်ရွက်ရန် သိမ်းယူခဲ့သော်လည်း မူလစီမံကိန်းကို အကောင် အထည်မဖော်သဖြင့် ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်းကောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းလင်း က အဆိုပါ ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင် သွင်းရာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဖေချစ် ကထောက်ခံသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဩဂုတ် ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

အောင်ရဲသွင်