ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

ဟားခါး ၃၀  ဇန်နဝါရီ

 

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်()ဦးက မေးခွန်း(၁၈)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။

 

5

 

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်က ချင်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များအလိုက် မြေတန်ဖိုးနှင့် နှစ်စဉ်စည်းကြပ်သည့် မြေငှားခနှုန်းထားများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ချင်းပြည်နယ်အတွင်း ခွင့်ပြုချထားသည့် ယစ်မျိုး လိုင်စင်​​ ကောက်ခံရန်အတွက် ဒေသနှင့်ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲမှုနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲ မှုအောက်ရှိ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို အမှတ်ပေးစနစ်သတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန် တိုးမြှင့်ကောက်ခံရေးနှင့်ပတ်သက်၍ လည်းကောင်း လွှတ်တော်သို့တင်သွင်းကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ချင်းပြည်နယ် ()မြို့နယ်တွင် တိုင်းရင်းသား ဘာသာစကား()မျိုး သင်ကြားရန် လွှတ်တော်နှင့် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်မှုအား အမြန်ဆုံး ပုံနှိပ်ဖြန့်ချိပေးနိုင်ရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မှုထန်က ဆွေးနွေးပြီး လွှတ်တော်ကလက်ခံဆွေးနွေးရန် သဘောတူကာ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

6

 

အစည်းအဝေးကို မွန်းလွဲ ၁နာရီတွင်ရပ်နားခဲ့ပြီး ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)