ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ

မြစ်ကြီးနား ၁၇  ဒီဇင်ဘာ 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွမ်ပရာဘွမ်မြို့နယ်၊ မြို့မရပ်ကွက်ရှိ မြေဧရိယာ (၀.၄၇၆)ဧကရှိ မြေနေရာသည် မြေပြန့်ဖြစ်ပြီး ယခင် ၂၀၀၈ ခုနှစ်တွင် ကုန်သွယ်လယ်ယာဌာနအဖြစ် လျှောက်ထားခဲ့ရာ ဂိုဒေါင်တစ်လုံးသာ ဆောက်လုပ်ထားပြီး ကျန်မြေလွတ်နေရာများရှိနေ၍ ၎င်းနေရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးအတွက် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ် နှစ်ဆောင် အိုးအိမ်ဌာနအနေဖြင့် ဆောက်လုပ်ပေးရန် လိုအပ်နေပါသဖြင့် အဆိုပါ ကုန်သွယ်လယ်ယာ မြေလွတ်နေရာအား စွန့်လွှတ်ပေးနိုင်ပါရန်၊ 

ပူတာအိုမြို့နယ် ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန်အတွက် လုံရှာယာန်ကျေးရွာ ဓာတ်အားရရှိရေး ရွာတွင်း (၃)မိုင်၊ ဖတ်မာစွပ်-လုံရှာယာန်ဓာတ်အားကြိုး သွယ်တန်းခြင်း (၇)မိုင်အား ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းများနှင့် မံစီမြို့နယ်၊ မုန်းတိန်းပါကျေးရွာတွင် တိုက်ပွဲရှောင်တောင်သူများ ပြန်လည်နေထိုင်ပြီဖြစ်၍ ကျေးရွာအနီး တောင်သူ(၂၁)ဦး၊လယ်မြေယာဧက(၃၇၃.၇၉)အား  မစိုက်ပျိုးဘဲ နေခဲ့သည်မှာ (၈)နှစ်ခန့်ရှိသောကြောင့် မြေများအား နိုင်ငံတော်မှ လယ်ယာမြေပြန်လည် ဖော်ထုတ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၁၁)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီက တင်သွင်းထားခဲ့သော “ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် ဥပဒေကြမ်းကို အစည်းအဝေးတတိယနေ့တွင် အတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် အစည်းအဝေး ပထမနေ့တွင် ခေါင်လန်ဖူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာ တင်သွင်းထားသည့် အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်(၂)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ရှင်း လင်းဖြေကြားကာ လွှတ်တော်အဆုံးအဖြစ်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၁)မဲ၊ ကန့်ကွက်မဲ (၁၅)မဲ၊ ကြားနေမဲ(၁)မဲဖြင့်လွှတ်တော်က အဆိုအား အတည်ပြုကြောင်းဆုံးဖြတ်လိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။

ပြည်နယ်ပြန်/ဆက်