ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပ

မန္တလေး ၂၈ ဇန်နဝါရီ

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် လေ့လာသူများ တက်ရောက်ကြသည်။

 

၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၆)ခုကို တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့နောက် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကိုကော်မတီက ဖတ်ကြား တင်သွင်းခြင်း၊ လွှတ်တော်က မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး ပထမနေ့ အစည်းအဝေးရပ်နားခဲ့ကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)