ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယ)နေ့ ကျင်းပ

မန္တလေး  ၂၈  ဇူလိုင်

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦး ရှိသည့်အနက် (၆၈)ဦးတက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး အဖြစ် ဒေါ်ခင်စန်းမြင့်အား ခန့်အပ်ကြောင်း လွှတ်တော်သို့ကြေညာခြင်း၊ ကတိသစ္စာပြုခြင်းကို ပြုလုပ်ခဲ့သည်။

 

ထို့နောက် ကြယ်ပွင့်ပြမေးခွန်း (၅) ခုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

 

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ကိုယ်စားလှယ်(၅)ဦးတို့က ဆွေးနွေးခြင်း တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

#MRTV