ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   ၂၄   ဇူလိုင်


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မွေးကင်းစကလေးမှ အသက်(၁၅)နှစ်အရွယ် ကလေးငယ်များအား အသွင်ပြောင်းပိုလီယို ပိုးကူးစက်မှုကို ဖြတ်တောက်ရန်နှင့် ကလေးငယ်များကို ရာသက်ပန်းမသန် စွမ်းဖြစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ထီးဂေဖိုးကျေးရွာနှင့် ထားခရီခီးကျေးရွာတို့တွင် ဒုတိယအကြိမ် အပိုဆောင်း ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဇူလိုင် ၂၃ ရက် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။


အဆိုပါလုပ်ငန်းတွင် မြို့ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချို ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့ ပူးပေါင်းကာ တစ်အိမ် တက်ဆင်း အိမ်တိုင်ရာရောက် ကလေးငယ်များ မကျန်ရှိစေရေးအတွက် လိုက်လံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။


ဝေဠု (ပြန်/ဆက်)