ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

တောင်ကြီး    ၁၈  စက်တင်ဘာ    


ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၈) ရက် နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်းသိရသည်။


အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀) ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၇)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် (၈၇.၈၆)ရာခိုင်နှုန်း  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် (ဒုတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာသည်။


ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၇)ဦး တို့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး၊ ပြည်နယ်လွှတ်တော်မှသဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြ မေးခွန်း(၁၁)ခုမေးမြန်းခြင်း ဆောင်ရွက်ကြောင်းသိရသည်။ 


ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။


မောင်မောင်သန်း(တောင်ကြီး)