ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

တောင်ကြီး ၂၀  ဖေဖော်ဝါရီ    

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

414

           

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၂)ခု မေးမြန်းခြင်း ဆောင်ရွက်ပြီး၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “နမ့်ဆန်မြို့ရှိ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်၏ သမိုင်းဝင် ဟော်နန်းကြီးအား တအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီထံသို့ ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဖြေကြားသည်။

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)