ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

ထားဝယ်  ၂၉  ဇန်နဝါရီ

 

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက  တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်()ဦးနှင့် လေ့လာသူ သတင်းမီဒီယာ (၃၂)ဦး တက်ရောက်ခဲ့သည်။

 

 

အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ(ပထမနေ့) အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်းနှင့် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ()ဦး ကတိသစ္စာပြုခြင်း၊ ကြယ်ပွင့်ပြမေးခွန်း()ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

 

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်း‌‌ဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီမှ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်က တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ()လအတွက် ရသုံးမှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်‌တော်သို့ ဖတ်ကြားရှင်းလင်းတင်ပြသည်။

 

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ()နှစ်တာကာလအတွင်း နယ်မြေဒေသအခြေအနေ အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို မွန်းတည့် ၁၂ နာရီတွင် ရပ်နားခဲ့ပြီး (ဒုတိယနေ့)ကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 

(တိုင်းဒေသကြီးပြန်/ဆက်)