ဒုတိယကမ္ဘာစစ်အပြီး တတိယမြောက်အသက်အငယ်ဆုံးဝန်ကြီးဖြစ်လာသူ ကိုအိဇုမိ 

၁၆ စက်တင်ဘာ

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေကို ဝန်ကြီးချုပ်ရှင်ဆိုအာဘေးက ပြီးခဲ့တဲ့သီတင်းပတ်က ခန့်အပ်ခဲ့သလို ထွန်းတောက်နေတဲ့ လူငယ်နိုင်ငံရေးသမားတစ်ဦးကိုလည်း အစိုးရအဖွဲ့ဝင် အဖြစ် နေရာပေးအပ်ခြင်းဟာ နောင်ဖြစ်လာမယ့် ဝန်ကြီးချုပ် ဖြစ်လာလေမလားဆိုတဲ့ ကြိုတင်ဟောကိန်းထုတ် နေကြပါတယ်။

 

37

 

သဘာဝပတ်ဝန်းကျင်ဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ အသက် ၃၈ နှစ်အရွယ် ရှင်ဂျီရို ကိုအိဇုမိ ဟာ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိရဲ့ ဒုတိယမြောက်သားဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ရှင်ဂျီရို ကိုအိဇုမိဟာ တတိယမြောက် အသက်အငယ်ဆုံး ဝန်ကြီးအဖြစ် ရွေးချယ်ခံရသူဖြစ်ပါတယ်။ ရှင်ဂျီရို ဟာ အမေရိကန်နိုင်ငံ နယူးယောက်က ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနဲ့ မဟာဘွဲ့ရရှိခဲ့ပြီး ဝါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာလေ့လာရေးနဲ့ နည်းဗျူဟာအဖွဲ့မှာ အလုပ် လုပ်ကိုင်ဖူးသူဖြစ်ပါတယ်။ 

 

408

 

လက်ရှိဝန်ကြီးချုပ် အာဘေးက ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အာဘေးရဲ့ တိုကျိုနိုင်ငံရေးကနေ ပြီးဆုံးခါနီး အချိန်မှာ ရှင်ဂျီရိုကို အစိုးရအဖွဲ့အဝင် ထဲ ထည့်သွင်းလာခြင်းဟာ နောက်ဖြစ်လာမယ့် ဝန်ကြီးချုပ် သို့မဟုတ် တဆင့်ကျော် ဝန်ကြီးချုပ်ဖြစ်မယ့်သူကို ရွေးချယ်တာလို့ ထင်ကြေးပေး ပြောဆိုနေပါတယ်။

ရှင်ဂျီရိုဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကနေ ၂၀ဝ၉ ခုနှစ်မှာ အောက်လွတ်တော်အမတ်ဖြစ် ရွေးချယ် ခဲ့ရပါတယ်။ ဂျပန်လွတ်တော်မှာ ကိုအိဇုမိ မျိုးဆက်ရဲ့ လေးဦး မြောက်အဖြစ် ရှင်ဂျီရိုဟာ လွတ်တော်မှာ တာဝန်ထမ်းဆောင်သူဖြစ်လာပါတယ်။ 

တိုကျိုရှိ ဝန်ကြီးချုပ်အိမ်ယာကနေ ရှင်ဂျီရိုက အသက်၄၂ နှစ်အရွယ် ခရစ်တယ် တာကီဂါဝါနဲ့ လက်ထပ်မယ့်အကြောင်း ကြေညာပါတယ်။ ခရစ်တယ် တာကီဂါဝါ ဟာ ဂျပန်နိုင်ငံသား မိခင်နဲ့ ပြင်သစ်နိုင်ငံသား ဖခင်တို့ကနေ မွေးဖွားသူဖြစ်ပြီး ရုပ်မြင်သံကြား ကြေညာသူတစ်ဦး ဖြစ်ပါတယ်။
 
ဂျပန်နိုင်ငံရဲ့ လက်ရှိဥပဒေအရ လက်ထပ်ပြီးသားစုံတွဲတိုင်းကို အမျိုးသားရဲ့ မိသားစုနာမည်ကို အမျိုးသမီးဖြစ်သူက ပြောင်းရမှာဖြစ်ပါတယ်။ အဲဒီလို တားမြစ်ချက်ရှိပေမယ့် ရှင်ဂျီရိုက ခရစ်တယ်ကို နောက်ဆုံးမိသားစုနာမည်ကို သီးခြားထားပိုင်ခွင့်ကို ခွင့်ပြုထားတဲ့အတွက် ရှေးရိုးစွဲတချို့ရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ 

MDN
ကိုးကား - AFP