ဒုတိယလှိုင်း ကူးစက်မှုများကြောင့်  အီတလီတွင် ကန့်သတ်ချက် အသစ်များ ချမှတ်မည်

၁၉ အောက်တိုဘာ

 

 

အီတလီနိုင်ငံတွင် တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ကန့်သတ်ချက် အသစ်များ ချမှတ်ရန် အီတလီအစိုးရက ကြေညာခဲ့ပြီး နွေဉီးရာသီ ကဲ့သို့ပင် တစ်နိုင်ငံလုံး အတိုင်းအတာ ကန့်သတ်ချက်များ ချမှတ်ရန် အစိုးရက စီစဉ်ခဲ့သည်။

 

 

တနင်္ဂနွေနေ့ အတွင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အီတလီ ဝန်ကြီးချုပ် ဂူဆီပီး ကိုတီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 

အသစ်ချမှတ်သည့် ကန့်သတ်ချက်များထဲတွင် ဘားနှင့် စားသောက်ဆိုင်များ သွားရောက်ခြင်းကို အချိန် ကန့်သတ်မည် ဖြစ်သည်။

 

 

အဆိုပါ ဆိုင်များသည် ညသန်းခေါင် မတိုင်ခင် ပိတ်ရမည်ဖြစ်ကြောင်း ကိုတီက ပြောကြားခဲ့သည်။

 

 

ည ကိုးနာရီ နောက်ပိုင်းတွင်  ပြည်သူပိုင် နေရာများနှင့် အခြားစုရုံး နေရာများကို ပိတ်ပင်ရန် ဒေသန္တရ မြို့တော်ဝန်မျာအား အခွင့်အာဏာ ပေးအပ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အီတလီနိုင်ငံတွင် စီးပွားရေး တစ်ခုလုံးကို အကြီးအကျယ် ထိခိုက်စေနိုင်သည့် ဆုတ်ယုတ်မှု တစ်ခုနှင့် ကြုံတွေ့ရနိုင်ကြောင်း သို့သော်လည်း ရောဂါကူးစက်မှုအတွက် မလွှဲသာ၍ ကန့်သတ်ချက်များ ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က  ထပ်လောင်းပြောကြားခဲ့သည်။

 

 

အီတလီနိုင်ငံတွင် တနင်္ဂနွေနေ့ အတွင်းက ကိုဗစ်-၁၉ အတည်ပြု လူနာအသစ် ၁၂၀၀၀ တွေ့ရှိခဲ့သည်။

 

 

အီတလီနိုင်ငံတွင်း ပြီးခဲ့သည့် ခြောက်ရက်မှစပြီး ဗိုင်းရပ်စ် ကူးစက်မှုများမှာ တိုးလာခဲ့ပြီး တနင်္ဂနွေနေ့ အတွင်းက ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်သည်။

 

 

ဉရောပနိုင်ငံများ၌လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒုတိယလှိုင်းနှင့် ပတ်သက်ပြီး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရလျက် ရှိသည်။ ထပ်မံဖြစ်ပေါ်လာသည့် ဒုတိယလှိုင်း ကူးစက်မှုများကြောင့် ဉရောပနိုင်ငံများ၌လည်း ကန့်သတ်ချက်များကို ပိုမို တင်းကျပ်လျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်