ဒုတိယနေ့ Myamar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန် ၁၁ စက်တင်ဘာ 

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Myamar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃၂၀-၃၃၂၊ အနော်ရထားလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင် ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

 

အမျိုးသား (၂)ယောက်တွဲ ပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံမှ Panu Rakmesi Krit နှင့် Tantianankul တို့က မြန်မာနိုင်ငံမှ ထူးအောင်မျိုးနှင့် ဖုန်းပြည့်နိုင်တို့အား (၂၁-၁၇)မှတ် (၂၁-၁၅)မှတ်၊ မလေးရှာနိုင်ငံမှ Chun Hann Lo နှင့် Chun Hoong Lo တို့က မြန်မာနိုင်ငံမှ ဇော်လင်းထူးနှင့် သူရိန်တို့အား (၂၁-၁၉)မှတ် (၁၆-၂၁)မှတ် (၂၁-၁၃)မှတ်၊ အိန္ဒိယနိုင်ငံမှ Utkarsh Arora နှင့် Shivam Sharma တို့က မြန်မာနိုင်ငံမှ ချမ်းဝင်းဦးနှင့် ဟိန်းစည်သူတိုးတို့အား (၂၁-၁၁)မှတ် (၂၁-၁၄)မှတ်၊ အမျိုးသားတစ်ဦးချင်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ Tasya Farahnailah  က မြန်မာနိုင်ငံမှ ဇော်မျိုးသက်အား (၂၃-၂၁)မှတ် (၂၁-၁၁)မှတ်၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ Dapasha Joshi က ခိုင်သဉ္ဇာအား (၂၁-၁၁)မှတ် (၂၁-၁၀)မှတ်၊ အမျိုးသားတစ်ဦးချင်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ Krishna Adi Nugraha က မြန်မာနိုင်ငံမှ ဇော်လင်းထူးအား (၂၁-၁၀)မှတ် (၂၁-၁၅) မှတ်ဖြင့် အသီးသီးအနိုင်ရရှိသွားခဲ့ကြသည်။


    
ဆက်လက်၍ စက်တင်ဘာ ၁၂ ရက်တွင် ပြိုင်ပွဲအား နံနက် ၁၀ နာရီမှ စတင်ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲသို့ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်