ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

နေပြည်တော် ၁ ဇန်နဝါရီ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ၂၀၁၇ ခုနှစ် နှစ်သစ်အခါသမယမှာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေး ကို အမြန်ဆုံးရရှိပြီး ငြိမ်းချမ်းရေးရရှိတာနှင့်အမျှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က လျင်မြန်စွာဖွံ့ ဖြိုးတိုးတက်ပြီး အဲဒီအသီးအပွင့်တွေကို တိုင်းရင်းသားပြည်သူ အားလုံး မျှမျှတတ ခံစားရပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။