ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၈  ဇူလိုင်

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံ စဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအစိုးရ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး တို့အတွက် နှစ်နိုင်ငံသတင်းဖလှယ် ပူပေါင်းဆောင်ရွက်နိုင်မှု၊ နှစ်နိုင်ငံ အပြန်အလှန် လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ကို အခြေခံ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် မြန်မာ-ထိုင်း Senior Staff  Talks  အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

 

mdn