ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တီကျစ်ကျောက်မီး သွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ စက်တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်နှင့် ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝသော လျှပ်စစ် ဓာတ်အားများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

စက်ရုံတွင် စက်ရုံမှူး ဦးနေဇော်လတ်က ဓာတ်အားထုတ်လုပ်မှု၊ Energy Meter များတပ်ဆင်ထားမှု၊ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို တင်ပြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဒေါက်တာကျော်စွာစိုးနိုင် က နှစ်အလိုက် ကျောက်မီးသွေးသုံးစွဲမှုနှင့် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားစနစ်နှင့် ချိတ်ဆက် ထားမှုကို ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက ဤစက်ရုံသည် နိုင်ငံတော် Generation Mix အတွင်း Grid Reliability အတွက် အရေးပါသော Base Load Power Plant ဖြစ်သဖြင့် နိုင်ငံတော်ဓာတ်အားစနစ် ထိခိုက်မှုမရှိစေရေး စက်ရုံကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့် စက်စွမ်း ရည်ပြည့်လည်ပတ်စေရေး အလေးထားဆောင်ရွက်ရန်၊ Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများအား ပုံမှန်ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားပြီး စက်ရုံအတွင်း စက်များမောင်းနှင်နေမှုနှင့် Switchyard အတွင်းရှိ ထရန်စဖော်မာများနှင့် Switchgearများ၊ တီကျစ်ကျောက်မီးသွေးမိုင်း၊ စက်ရုံရှိ ရေသန့်စနစ်နှင့် ကျောက်မီးသွေး ဓာတ်ခွဲ စမ်းသပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းများအားလုံး စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ရ၍ ဝမ်းမြော က်ဂုဏ်ယူမိပါကြောင်း၊ လုံခြုံရေး၊ ကျန်းမာရေးတို့ကို အထူးဂရုစိုက်ကြရန်၊ လုပ်ငန်းခွင် အတွင်း အစဉ်တိုးတက်အောင်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည် များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ဒုတိယဝန်ကြီးက အမှတ်တရသစ်သီးခြင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်