ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး  မစ္စတာ ကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

 

နေပြည်တော်  ဧပြီ  ၂

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဝါဝါမောင်သည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး  မစ္စတာ ကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တက်ဟုန်ပြည်နယ်ခွဲတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး များ တက်ရောက်ကြောင်း သိရသည်။

(သတင်းစဉ်)