ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တနင်္သာရီတိုင်းဒေသကြီး၌ စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းမှာကြား

 

နေပြည်တော် မေ ၄

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် မေ ၃ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် မြိတ်မြို့၌ တာဝန်ထမ်းဆောင်နေကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင်  ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လျာထားချက်များအပေါ် ပြည့်မီစွာဆောင်ရွက်ရန်၊ စီမံကိန်းများကို ထိရောက်စွာဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေး အလေးပေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရန်နှင့် ချေးငွေများကို အတတ်နိုင်ဆုံး ပြန်လည်ကောက်ခံ ရရှိရေးဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေသုံးစွဲမှုများ စနစ်တကျဖြစ်စေရန်နှင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြေပြင်ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး မွန်းလွဲပိုင်း၌ မြို့နယ်နှင့် ခရိုင်ရုံးများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် မေ ၁ ရက်နှင့် ၂ ရက်တို့တွင် ထားဝယ်မြို့၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး ရုံးများဥပဓိရုပ်ကောင်းမွန်စေရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

သတင်းစဉ်