နေပြည်တော် ဒီဇင်ဘာ ၇ 

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာ ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စက်ပစ္စည်းများ အသစ်လဲလှယ်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ပစ္စည်းအဟောင်းများကို စနစ်တကျ စာရင်းပြုစုထားသိုရန် လိုအပ်ကြောင်း၊ စက်ရုံဝန်ထမ်းများအနေဖြင့် စက်ပြုပြင်မှုဆောင် ရွက်နေသည့် ကုမ္ပဏီနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နည်းပညာပိုင်း လေ့လာသင်ယူရန် လိုကြောင်း၊ စက်ရုံရှိဌာနပိုင် ပစ္စည်းများ ပျက်စီး/ပျောက်ဆုံး/ အလွဲသုံးစားမှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် စီမံဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တတ်နိုင် သလောက် ပိုမိုဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးကာ အင်အားဖြည့် အစားအစာများပေးအပ်ပြီး စက်ပြုပြင်နေမှု အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်