ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ကုသမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၂ 

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း သည် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာဝင်းနိုင် နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး၌ မန္တလေးတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး တို့ ပူးပေါင်းဆောင်ရွက်နေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး ခွဲစိတ်ကုသမှုခံယူမည့်လူနာများအား အာဟာရနှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

အဆိုပါခွဲစိတ်ကုသမှုကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး လူနာ(၂၉)ဦးကို မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသမှုပေးလျက်ရှိကာ ကျန်ရှိလူနာ (၁၁)ဦးကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တ‌လေးမြို့၌ ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်