ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဘောလခဲခရိုင်နှင့် လွိုင်ကော်ခရိုင်များ အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ 

လွိုင်ကော်  ၂၆   မေ 

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့တွင် ကယား ပြည်နယ် ဘောလခဲခရိုင် အတွင်းရှိ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်ရုံးများနှင့် လွိုင်ကော် ခရိုင်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်ရုံးများသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့်  တွေ့ဆုံကာ လုပ်ငန်း လိုအပ်ချက်များကို  မှာကြားသည်။

 

mm

 

ဒုတိယဝန်ကြီးက  နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် မိမိကိုယ်တိုင် ပျော်ရွင်စွာနေထိုင်ကြရန်နှင့်  လုပ်ငန်းများကို ပျော်ရွှင်စွာ ထမ်းရွက်ကြရန် လိုကြောင်း၊ ဝန်ထမ်းဆိုသည်မှာ ရောက်သည့်အရပ်တွင် ပျော်အောင်နေပြီး တွေ့သည့်သူနှင့်တည့်အောင်ပေါင်းကာ မိမိတို့ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေခံ CSO များ၊ အခြား ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ လုံခြုံရေးကိုလည်း အထူးဂရုစိုက်ရန်လိုကြောင်း၊ မိမိတို့လုပ်ဆောင်ချက်များကို အထောက်အထား အဖြစ် မှတ်တမ်း မှတ်ရာများ စနစ်တကျထားရှိရန်နှင့် အမှန်အတိုင်း ရေးသားမှတ်တမ်းတင်ထား ရန် လိုပါကြောင်း ပြောကြားခဲ့သည်။ 

 

(သတင်းစဉ်)

 

hh