နေပြည်တော် ဇွန် ၂၇ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန် ၂၆ ရက်က ချင်းပြည်နယ် တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်နေမှုနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

 

ညှိနှိုင်းဆောင်ရွက်

 

ဦးစွာ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (တီးတိန်)၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (တီးတိန်)၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန်နှင့် လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် လွဲမှားမှုမရှိစေရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်တိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာ၌ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသော လုပ်ကိုင်ဆောင်ရွက်မှုများကို အလေးထားရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 

ကြည့်ရှုစစ်ဆေး

 

ထို့နောက် ဝန်ထမ်းများနေထိုင်လျက်ရှိသည့် အိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် တီးတိန်မြို့မှ မြို့မိ မြို့ဖများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်