ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၂

       

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရုံးအမှတ်-၃၊ အစည်းအဝေးခန်းမ- လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသသွားနိုင်ရေး၊ ကုန်သွယ်မှုလမ်း ကြောင်းများ ပိုမိုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားပြီး လုပ်ငန်းကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင် ကုန်ပစ္စည်းအမယ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)