ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့(၃၆)ကြိမ်မြောက်အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေး (36th CAP-CSA joint Meeting)နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့တက်ရောက်ရန် ..

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့(၃၆)ကြိမ်မြောက်အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေး (36th CAP-CSA joint Meeting)နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသို့ထွက်ခွာ

 

နေပြည်တော် ဇွန် ၂၅

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့်  ဖိလစ်ပိုင် နိုင်ငံခရီးသွားလုပ်ငန်းဌာန အတွင်းရေးမှူးတို့ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့ တွင်  ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၃၆)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေးနှင့် ပထမအကြိမ် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ အာရှနှင့်ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါ ခရီးသွားလုပ်ငန်းဖိုရမ်တွင် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့၏ တွဲဖက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲ၊ when gastronomy meets the territory Insights by Asia Pacific Destinationsနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ FAO Mountain Partnership project နှင့်ပတ်သတ်၍ ဆွေးနွေးခြင်း အစားအစာထွက်အမှိုက်များ လျှော့ချရန်နှင့် ဒေသထွက်ကုန်များ ပိုမိုသုံးစွဲခြင်းအတွက်ဆွေးနွေးခြင်း၊ အာရှနှင့် ပစိဖိတ်ဒေသရှိ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုများ အပေါ်ဆွေးနွေးခြင်း စသည့် အစီအစဉ်များပါဝင်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)