ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ

 

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့နှင့်အတူ ဧပြီ (၂၉) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး သံရည်ကျိုအလုပ်ရုံ အမှတ်(၁)၊ သံရည်ကျိုအလုပ်ရုံအမှတ်(၂)၊ အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံနှင့် စက်ပစ္စည်းကိရိယာ များအား အမိုးအကာအောက်သို့ ရွှေ့ပြောင်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျိုလုပ်ငန်းများတွင် ပြန်လည်အသုံးပြု နိုင်ရန်အတွက် (၆)မီတာအောက်ရှိ Billet များကို လုံအိုးအတွင်း ဝင်ဆန့်မှုရှိအောင် ဖြတ်တောက်ထားရန်၊ သံရည်ကျိုလုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်မည့် စက်အရန်ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်းထားရန်၊ သံရည်ကျိုလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်ရုံအသီးသီးရှိ စက်ပစ္စည်းများ ကိုလည်း အမြဲမပြတ်စစ်ဆေးရန်၊ သံရည်ကျိုလုပ်ငန်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက် နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် သတ်မှတ်ဝတ်စုံ အပြည့်အစုံဝတ်ဆင်ကြရန် နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားရန်၊ လျှပ်စစ်ကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် စက်ရုံအတွင်း သွယ်တန်းထားရှိသည့် ဝါယာကြိုးများ စနစ်တကျ တပ်ဆင်ထားမှုရှိ/မရှိနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ခြင်း ရှိ/မရှိတို့ကို စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးပေးရန်၊ စက်ရုံအတွင်းရှိ မီးလောင်ရန်လွယ်ကူသည့် အမှိုက်၊ ခြုံနွယ်များကို ရှင်းလင်းထားရန်၊ မီးဘေးစီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်ထားရန်နှင့် မီးငြိမ်းသတ်ရေး အထောက်အကူပစ္စည်းများအား ပြည့်စုံအောင် ဖြည့်ဆည်းထားရန်။

 

တာဝန်ရှိသူများအနေဖြင့် သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်စဉ် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက လျင်မြန်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုတင်မျှော်တွေး၍ စီမံဆောင်ရွက်ထားရန်၊ အမိုးအကာအောက်သို့ ရွှေ့ပြောင်းထားရှိသည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ စနစ်တကျ မှတ်တမ်းထားရှိဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သံမဏိထုတ်လုပ်သည့်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး စည်းလုံးညီညွှတ်စွာဖြင့် ကြိုးစားဆောင်ရွက်ရန်၊ ထို့ပြင် သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များကိုလည်း ကြေညက်အောင်လေ့လာ၍ အချင်းချင်းမျှဝေရန်၊ ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် မိမိကိုင်တွယ်မောင်းနှင်ရသည့် စက်ပစ္စည်းများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လည်း စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်နှင့် အပူချိန်များမြင့်တက်နေသဖြင့် ကျန်းမာရေး အသိသတိဖြင့် ရောဂါများမဖြစ်ပွားစေရေး ဂရုတစိုက်နေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)