နေပြည်တော် ဒီဇင်ဘာ ၄

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက  မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄)အထည်စက်ရုံ (ပွင့်ဖြူ)သို့ ရောက်ရှိပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံရာ စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ အရည် အသွေးပြည့်မီစေရေးအတွက် အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိရန်နှင့် ဈေးကွက်သုတေတနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားကာ  ဝန်ထမ်း များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ဖော်ဆောင်လျက်ရှိသည့် မကွေး စက်မှုဇုန်သို့ရောက်ရှိပြီး မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန ဦးစီးဌာနမှူးက စက်မှုဇုန်ဖော်ဆောင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းတိုးတက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)သို့ ရောက်ရှိပြီး မော်တော် ဆိုင်ကယ်ပြုပြင်ခြင်း ကာလတိုအခြေပြု (၃)လ သင်တန်းအလုပ်ရုံခန်းမ၌ သင်တန်းဖွင့်လှစ် နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ် ဆေးပြီး ဒုတိယဝန်ကြီးက သင်တန်းကျောင်းမှ နည်းပြဆရာ၊ ဆရာမများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုတင်လေ့လာဆည်းပူး၍ သင်တန်းသားများကို အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးပြီး သင်တန်းပြီးဆုံး ပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်