နေပြည်တော် ဇွန် ၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အင်ဘက်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူများကို မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး အသင်းသား ၂၃ ဦး၏ စိုက်ပျိုးမြေ ၅၅ ဧကအတွက်မျိုးနှင့် သွင်းအားစုများ ပေးအပ်သည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မွေးမြူလျက်ရှိသော နွားမွေးမြူရေးလုပ်ငန်းနှင့် တပ်ကုန်းမြို့ ငွေတိုးလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်ဟေမာကျော်၏ ငွေနှင်းမှိုအထုပ် ၅၀၀၀ ကျော် စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုအားပေးကာ ဒက္ခိဏသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ ရွာသစ် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ မိုးစပါးစိုက် ပျိုးမည့် အသင်းသားတောင်သူ ၁၇ ဦး၏ လယ်မြေ ၈၃ ဧကအတွက် မျိုးနှင့် သွင်းအားစုများ ပေးအပ်ပြီး ဆိုလာစိုက်ပျိုးရေတင်စနစ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်