ဒုတိယဝန်ကြီး ဦးဌေးလှိုင် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  H.E. Mr. Eduardo Jose A. De Vega ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၃၀

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  H.E. Mr. Eduardo Jose A. De Vega ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိ သူများတက်ရောက် ကြသည်။

 

တွေ့ဆု့စဉ် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ နှစ်နိုင်ငံ ပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ နေခွင့်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုတားဆီးကာ ကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေ၊ လူကုန်ကူးခံရသူများအတွက် နှစ်နိုင်ငံ အပြန်အလှန် ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 (သတင်းစဉ်)