ဒုတိယဝန်ကြီး ဦးဝင်းဖေ နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူ များနှင့်အတူ နေပြည်တော်-တောင်ညို - မြို့သစ်-ကံပြား(မကွေး) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ မိုင်တိုင်(၂၇/)ရှိ ရွှေပန်း-လမ်းစခန်း ရှင်းလင်းဆောင်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အခြေအနေများကို လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်၊ ညွှန်ကြား ရေးမှူး(မြို့ပြ)တို့က အသေးစိတ်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရာများသေသပ်ကောင်း မွန်ရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (မကွေးလမ်းအပိုင်း) မိုင်တိုင်(၄၉/ နှင့် ၄၉/) အတွင်းရှိ (၁၈)ပေအကျယ်မှ (၂၄)ပေအကျယ်၊ လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေးကောင်းမွန်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။  

 

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့၏ မုခ်ဦးအဝင်လမ်း မိုင်တိုင်( ၃၃၂/ နှင့် ၃၃၂/ ) အတွင်း ကောင်းမွန်ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်သော လမ်းထုအခြေခံလွှာခင်းနေမှုကို  ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက တာဝန်ရှိသူများကို မကွေးတိုင်းဒေသကြီး၏ တိုင်းမြို့တော် မုခ်ဦးအဝင် လမ်းဖြစ်သည့်အတွက် လမ်းအရည်အသွေး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ လမ်းအမှတ် အသားနှင့် မုခ်ဦးနှင့်အတူ ဆက်စပ်လမ်းအပိုင်းကိုလည်း အရည်အသွေးပြည့်မီအောင် ဆောက်ရွက်ရန်လိုကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအတွက် အန္တရာယ်ကင်းစွာ သွားလာနိုင်အောင် စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများကို အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)