ဒုတိယဝန်ကြီး ဦးဝင်းဖေ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းနှင့် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန် - ပုသိမ် လမ်းပိုင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့  ရောက်ရှိရာ Project Consulant နှင့် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ်တို့က စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းများသတ်မှတ်ချိန် အချန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး Streel Anchor Frame များ ရောက်ရှိမှု၊ PC Box Grider များ ထုတ်လုပ်ထားမှုနှင့် Steel Jetty တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် Oriental Highway Company က BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပုသိမ် လမ်း မိုင်တိုင်(၅/၄ မှ ၁၇/၄)အထိ (၁၂)မိုင် ကွန်ကရစ် လမ်း အဆင့်မြှင့်တင်ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာတိုးလ်ဂိတ်နှင့် ထန်းတပင်တိုးလ်ဂိတ်သို့ ရောက်ရှိပြီး ယာဉ်ဖြတ်သန်းမှု၊ လမ်းအသုံးပြုခ ကောက်ခံမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်