ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းပေါ်ရှိ ဘောဂသီရိကားကြီးဝင်းရှေ့ လမ်းဆုံနှင့် ဆင်သေချောင်းတံတား (ကျောက်ချက်) ၄-လမ်းသွား တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၇ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းပေါ်ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) ၄ လမ်းသွား တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းက တံတားချဉ်းကပ်လမ်းအတွက် ၄ လမ်းသွားလမ်းအဖြစ် တိုးချဲ့ဆောင်ရွက်မည့် စီမံချက်ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းပိုင်းအလိုက် မီးပွိုင့်သတ်မှတ်ချက်၊ Free way သတ်မှတ်ချက်၊ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ သတ်မှတ်ချက်နှင့် လမ်းနယ်နိမိတ် သတ်မှတ်ချက်များကို စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်က ယခင် ၂ လမ်းသွားမှ ၄ လမ်းသွားအဖြစ် တိုးချဲ့ဆောက်လုပ်မည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းပြည့်မီရေး အထူးဂရုပြု ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်