ဒုတိယဝန်ကြီး ဦးဝင်းရှိန် လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်ပြီး ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်  ဇွန် ၃၀

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပပြုလုပ်သည့် လေအေးပေးစက် တင်ဆင်ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲသို တက်ရောက်သည်။

 

သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဦးစီးဌာနများမှ တိုင်းဦးစီးမှူးများ၊ ဦးစီးအရာရှိများနှင့် သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သားဖြစ်မှသာ အရည်အသွေးပြည့် ထုတ်ကုန် ပစ္စည်းများကို စွမ်းအားပြည့် ထုတ်ပေးနိုင်မည်ဖြစ်၍ လုပ်ငန်းအပ်နှံသူ၏ ယုံကြည်ကိုးစားမှုရရှိပြီး ဝင်ငွေတိုး၍ မိမိလူနေမှုဘဝ မြင့်မားစေမည်ဖြစ်ရာ ခေတ်နှင့်အညီ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး စဉ်ဆက်မပြတ်လေ့ လာသင်ယူရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် GY SEN (Myanmar) Apparel Co.,Ltd ၊ Cheung Hing Myanmar Co.,Ltd နှင့် WNF Group  စက်ရုံများသို့ သွားရောက်စစ်ဆေးကြည့်ရှုရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ် သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှုထို့ကို ရှင်းလင်းတင်ပြကြ သည်။

 

ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြား ချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)