ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၂၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်   ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိ ကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား   ယနေ့  နံနက်ပိုင်းတွင်   နေပြည်တော်ရှိ    ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၅) ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား   ရထားပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်သူ   ကိုယ်စားလှယ်များ  အပြန်အလှန်စေလွှတ်ရေး၊ တိုက်ရိုက် လေကြောင်း ခရီးစဉ်တိုးချဲ့ပျံသန်းရေးနှင့် ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို     ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေး အသင်းကိုယ်စားလှယ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်