ဒုတိယဝန်ကြီးဦးဝင်းဖေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ကျန်းစမ်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ  အတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တက်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်နိုင်ရန်နှင့် နှစ်ဖက်အကြား ဘုံအကျိုးစီးပွားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်