e-ID စနစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် ၁၀ ဇူလိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဩစတြီးယားနိုင်ငံ OeSD မှ Senior Government Program Manager, Mr. Wilhelm Faul နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံတို့အကြား e-Government စနစ် ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဩစတြီးယားနိုင်ငံ OeSD မှ မြန်မာနိုင်ငံ၏ Unique ID လုပ်ငန်းအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်မှု၊ OeSD ၏ လုပ်ငန်းစီမံချက်အပေါ် မိမိတို့ဌာနနှင့် အခြားသောဆက်စပ်ဌာနများ၏ သဘောထားမှတ်ချက် ပြုမှုများနှင့် သဘောထားမှတ်ချက်များအပေါ် OeSD မှ ပြန်လည်ဆောင်ရွက်ပေးမည့် အခြေအနေ၊ UID လုပ်ငန်းအတွက် OeSD ၏ အတွေ့အကြုံများ၊ သိသင့်သိထိုက်သည့် အချက်အလက်များ မျှဝေပေးနိုင်ရေးနှင့် မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုဆောင်ရွက်မည့် အစီအစဉ်၊ UID လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက e-ID စနစ်လုပ်ငန်းအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် OeSD မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်