ဧပြီလအတွင်း တောင်ကိုရီးယားနိုင်ငံ၌ အလုပ်အကိုင်များ တိုးလာ

ဆိုးလ်   မေ  ၁၇

တောင်ကိုရီးယားနိုင်ငံ၌ သက်ကြီးရွယ်အို အလုပ်အကိုင်များ တစ်ဟုန်ထိုး   တိုးလာခြင်းကြောင့်   ပြီးခဲ့သည့်လက    တောင်ကိုရီးယားနိုင်ငံ၏ အလုပ်အကိုင်များတိုးလာကြောင်း  မေ ၁၇ ရက်တွင် စာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။

အသက် ၁၅ နှစ်နှင့်အထက်  အလုပ်အကိုင်အရေအတွက်မှာ ယမန် နှစ်က ၂၆၁၀၀၀ ရှိရာမှ ယခုနှစ် ဧပြီလက ၂၈၆၉၃၀၀၀ အထိ  တိုးလာကြောင်း ကိုရီးယားစာရင်းအင်း အချက်အလက်များအရ သိရသည်။

အသက် ၆၀ နှင့်အထက် အလုပ်အကိုင်အရေအတွက်မှာ  ဧပြီလတွင်  နှစ်စဉ်  ၂၉၂၀၀၀ တိုးလာ သော်လည်း အသက် ၂၀  အလုပ်အကိုင်မှာ  ၇၇၀၀၀  နှင့်  အသက်  ၄၀  အလုပ်အကိုင်မှာ ၉၀၀၀၀ စီ  လျော့နည်းလာကြောင်း သိရသည်။                                                  

ဆင်ဟွာ