ဧရာဝတီမြစ်အတွင်း ဝါးဖောင်များဖြင့် သယ်ဆောင်လာသော ကညင်သစ်များ ပိုင်ရှင်မဲ့ ဖမ်းမိ

ကသာ ၂၇ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အထက်ဝဲကြီးကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကညင်သစ်လုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးစီးသော သစ်တောအဖွဲ့သည် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ကသာမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ကသာမြို့နယ်၊ အထက်ဝဲကြီးကျေးရွာအနီး၊ ဧရာဝတီမြစ်အတွင်း၌ ဝါးဖောင်များဖြင့် သိုဝှက်သယ်ဆောင်လာသော တရားမဝင်ကညင်သစ်(၅၇)လုံး၊ (၁၁၃ ဒသမ ၃၀၂)တန် ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လူအောင်(ကသာ)