ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

စလင်း   ၂၉   ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားကို စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တံမြားခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


    
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ ငွေများကို တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၅.၇.၂၀၁၉)ရက်နေ့မှ (၂၆.၇.၂၀၁၉)ရက်နေ့ထိ် စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ထို့နောက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ကျောက်ရဲကျွန်းကျေးရွာအုပ်စု ကျောက်ရဲကျွန်းကျေးရွာမှ အိမ်ခြေ(၅)အိမ်၊ လူဦးရေ (၂၄)ဦး၊ ဆင်မကျွန်း ကျေးရွာအုပ်စု အချင်းပြစ်(sတောင်)ရွာမှ အိ်မ်ခြေ(၉၀)၊ လူဦးရေ(၇၂၀)၊ မဲရွာကျွန်းကျေးရွာအုပ်စု မဲရွာကျွန်းကျေးရွာမှ အိမ်ခြေ(၁၃၇)၊ လူဦးရေ(၂၇၅)ဦး၊ ဆိပ်ကြီး ကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာမှ အိမ်ခြေ(၉)အိမ်၊ လူဦးရေ(၂၀)ဦး စုစုပေါင်းအိမ်ခြေ(၂၄၁)အိမ်၊ လူဦးရေ(၁၀၃၉)ဦးတို့အတွက် ဆန်ရိက္ခာဘိုးငွေ လူ(၁)ဦးလျှင် (၇)ရက်စာ (၂၁၀ဝိ/-)နှုန်းဖြင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၂၁၈၁၉၀ဝ)ကျပ်ကို တိုင်းဒေသကြီးဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကိုစား မြို့နယ်အဆင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ဖြစ်စဉ်ပါအိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN